
1 ရာသီ
19 အပိုင်း
เข็มซ่อนปลาย
ချတ်ဆိုတဲ့ မိန်းမလှလေးက နိုင်ငံခြားမှာ ဒေါက်တာရွန်ဘွန်နဲ့ လက်ထပ်ပြီး ဘဝကို ဖြတ်သန်းနေရပေမယ့် အချစ်မပါတဲ့ အိမ်ထောင်ရေးမို့ မပျော်ရွှင်ခဲ့ရပါဘူး ဒီလိုနဲ့ ချတ်တစ်ယောက် ပြည်ပပညာတော်သင်လာတဲ့ ထိုင်းကျောင်းသားလေး လန်နာကို ချစ်သွားမိခဲ့တယ် အိမ်ထောင်သည်ဖြစ်တဲ့ ချတ်အနေနဲ့ လန်နာနဲ့ ရှေ့ဆက်မရဖြစ်နေရပြီး လန်နာလည်း ထိုင်းကို ပြန်ကာ မိခင်ပေးစားတဲ့ အဖက်ဖက်က ပြည့်စုံတဲ့ ယွက်နဲ့ လက်ထပ်ခဲ့ရတယ် လန်နာ လက်ထပ်လိုက်တာနဲ့ ချတ် ခင်ပွန်းဖြစ်တဲ့ ရွန်ဘွန်က ကွာရှင်းပေးခဲ့တာမို့ ချတ်လည်း ထိုင်းကို ပြန်လာခဲ့ပါတယ် ဂရုစိုက်ပေးနေတဲ့ ယောက်ျားကောင်းတွေရှိရက်နဲ့ လန်နာ့အပေါ် သံယောဇဉ်မပြတ်တဲ့ ချတ်…ဇနီးဖြစ်သူ ယွက်ကိုလည်း မကွာနိုင်သလို ချတ်နဲ့လည်း အရင်အတိုင်းရှိနေချင်တဲ့ လန်နာ… သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲ ချတ်အနေနဲ့ မဖြစ်သင့်တဲ့ အချစ်နွံတွေကြားက ရုန်းထွက်လာနိုင်ပါ့မလားဆိုတာ “ချစ်ခြင်းနောက်ကွယ်ကရန်ငြိုးကလဲ့စား” မှာ ကြည့်ရှုကြရအောင်။
- နှစ်: 2022
- နိုင်ငံ: Thailand
- အမျိုးအစား: Drama
- စတူဒီယို: Channel 7
- သော့ချက်စာလုံး: infidelity, romance
- ဒါရိုက်တာ: Krisna Asoksin
- သွန်း: Kitkong Khamkrith, วริฏฐิสา ลิ้มธรรมมหิศร, วรนุช ภิรมย์ภักดี, Yotsawat Tawapee, Pol Poonpat Attapanyapol, จิรายุ ละอองมณี