
వీరసింహారెడ్డి
ဂျေးနဲ့မီနက်ရှီတို့သားအမိနှစ်ယောက်ဟာ အစ္စတန်ဘူလ်မှာ အခြေချနေထိုင်ရင်း ဘဝကို အေးချမ်းစွာဖြတ်သန်းနေတာပါ။ တစ်ရက်မှာတော့ ဂျေးတစ်ယောက် သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ချစ်ရတဲ့မိန်းကလေးနဲ့ အိမ်ထောင်တစ်ခုထူထောင်ဖို့ ဖြစ်လာပါတော့တယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုမိတဆိုးသားလေးလို့ထင်နေခဲ့တဲ့ ဂျေးကို မီနက်ရှီက ဖခင်ဖြစ်သူအကြောင်းထုတ်ပြောပြလာပါတော့တယ်။ ဖခင်ဖြစ်သူဟာ စီမာဒေသနဲ့လူထုကို တရားသောနည်းလမ်းနဲ့ အုပ်ချုပ်နေပြီး ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဗီရာဆင်းမ်ဟာရတ်ဒီဖြစ်ကြောင်း ဂျေးသိပြီးတဲ့အခါမှာတော့ ဖခင်ရဲ့ဆန္ဒကို ဘယ်လိုတွေ ဖြည့်ဆည်းပေးမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
- နှစ်: 2023
- နိုင်ငံ: India
- အမျိုးအစား: Action, Drama
- စတူဒီယို: Mythri Movie Makers
- သော့ချက်စာလုံး:
- ဒါရိုက်တာ: Gopichand Malineni
- သွန်း: Nandamuri Balakrishna, Varalaxmi Sarathkumar, Duniya Vijay, Honey Rose, Lal, Shruti Haasan