
The Portable Door
The Portable Doorဇာတ်ကားမှာတော့ အိမ်ဌားခပေးဖို့ လိုအပ်နေတဲ့Paulတစ်ယောက်ဟာ Barista အလုပ်ကို အင်တာဗျူးသွားဖြေတဲ့နေ့မှာ အနှောင့်အယှက် မျိုးစုံကြုံတွေ့ခဲ့တာကြောင့် အင်တာဗျူးကို လွတ်သွားခဲ့တယ်။ ဒါပေမဲ့ JWဆိုတဲ့ ထူးဆန်းတဲ့ကုမ္ပဏီကြီးမှာ အင်တာဗျူးဖြေဖို့ အခွင့်အရေးရသွားကာ Paulတစ်ယောက် JWကုမ္ပဏီမှာ အလုပ်ရသွားခဲ့တယ်။ငွေလိုအပ်နေတာကြောင့် ဘာကုမ္ပဏီမှန်းသေချာမသိဘဲနဲ့ Paulတစ်ယောက်အလုပ်သွားလုပ်မိတဲ့အချိန်မှာတော့ ကုမ္ပဏီဟာ မှော်ပညာတွေနဲ့ ပတ်သတ်နေကြောင်းကိုသိသွားခဲ့ရတယ်။ ကုမ္ပဏီပိုင်ရှင်သူဌေး Humpheryက Paul ကို သူ့ရဲ့ပျောက်ဆုံးသွားတဲ့ Portable Door တစ်ချပ်ကိုရှာဖို့အတွက် တာဝန်ပေးခဲ့ပါတယ်။ အလုပ်သင် Paulတစ်ယောက် သူဌေး Humpheryရှာခိုင်းတဲ့ portable doorကို ရှာနိုင်ပါ့မလား။ JW ကုမ္ပဏီနောက်ကွယ်မှာ ဘယ်လိုလျို့ဝှက်ချက်တွေ ပြည့်နှက်နေမလဲဆိုတာ ကြည့်ရှူကြပါအုံး။
- နှစ်: 2023
- နိုင်ငံ: Australia, United States of America
- အမျိုးအစား: Fantasy, Adventure, Comedy
- စတူဒီယို: The Jim Henson Company, Story Bridge Films, MEP Capital, Stan
- သော့ချက်စာလုံး: transporter, villain, london underground, ghost, goblin, supernatural power, magic world, lost souls, sinister, magical door, epic fantasy, ancient magic, mysterious london firm
- ဒါရိုက်တာ: Jeffrey Walker
- သွန်း: Christoph Waltz, Patrick Gibson, Damon Herriman, Sophie Wilde, Sam Neill, Demi Harman