
Cordelia
ကော်ဒီလီယာရပ်ဆဲလ်နဲ့ကာရိုလိုင်းတို့ဟာအမြွှာညီအစ်မနှစ်ယောက်ဖြစ်ပြီးတော့ လန်ဒန်မြို့မှာရှိတဲ့တိုက်ခန်းမှာ ညီအစ်မနှစ်ယောက်တည်းနေကြတာပါကော်ဒီလီယာဟာ အရင်တုန်းက အရမ်းတော်တဲ့ပြဇာတ်သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ အတိတ်ကဖြစ်ရပ်ဆိုးကခြောက် လှန့်နေတာကြောင့် လုံခြုံမှုမရှိ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတဲ့သူဖြစ်နေပါတယ်ကာရိုလိုင်းကိုသာ အားထားပြီးနေထိုင်လာခဲ့ပေမယ့် တစ်ရက်မှာတော့ကာရိုလိုင်းဟာသူ့ချစ်သူမတ်နဲ့ခရီးထွက်သွားပါတယ် အဲ့ဒီမှာ ကော်ဒီလီယာရဲ့မလုံမခြုံခံစားရတာတွေကပိုဆိုးလာခဲ့ပါတယ် အဲ့တာအပြင်သူ့ကိုညတိုင်းဖုန်းဆက်နှောင့်ယှက်လေ့ရှိတဲ့ဖုန်းကြောင့်ပိုပြီး ကြောက်ရွံ့လာပါတော့တယ် အဲ့ဒီနောက်မှာတော့သူ့အပေါ်ထပ်မှာနေတဲ့ ဖရန့်ဆိုတဲ့သူနဲ့မတော်တဆရင်းနှီးသွားပါတယ် ကော်ဒီလီယာဟာ အစပိုင်းတော့သူ့ကိုသဘောကျခဲ့ပေမယ့် တစ်ညမှာသူမဟာ ဖရန့်ဖုန်းထဲကသူတို့ညီအစ်မဓာတ်ပုံတွေကိုတွေ့တဲ့အခါမှာ ဖရန့်ကိုသံသယဝင်လာပါတော့တယ်ကော်ဒီလီယာကိုဖုန်းဆက်နေတဲ့သူကဘယ်သူလဲ ဖရန့်နဲ့ရောဘယ်လိုပတ်သက်နေတာလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာစိတ်လှုပ်ရှားဖွယ်ကြည့်ရှူလိုက်ပါအုံး
- နှစ်: 2019
- နိုင်ငံ: United Kingdom
- အမျိုးအစား: Drama, Thriller, Horror
- စတူဒီယို: StudioPOW, Twickenham Film Studios
- သော့ချက်စာလုံး: basement
- ဒါရိုက်တာ: Adrian Shergold
- သွန်း: Antonia Campbell-Hughes, Johnny Flynn, Catherine McCormack, Joel Fry, Anna Danshina, Michael Gambon