
मिडिल क्लास लव
လူလတ်တန်းစားကနေ မွေးဖွားလာတဲ့ လူတွေအတွက်ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့ သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော် နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကို အသည်းကွဲအောင် လုပ်နိုင်ရင် ရည်းစားအဖြစ် ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရော အောင်မြင်မလားဆိုတာ လူငယ်တွေကြား ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်
- နှစ်: 2022
- နိုင်ငံ: India
- အမျိုးအစား: Comedy, Drama, Romance
- စတူဒီယို: Zee Studios, Benaras Mediaworks
- သော့ချက်စာလုံး: coming of age
- ဒါရိုက်တာ: Ratnaa Sinha
- သွန်း: Prit Kamani, Eisha Singh, Kavya Thapar, Manoj Pahwa, Sapna Sand, Omkar Kulkarni